ကမ္ဘာငယ်လေး

@kay_thayi_1712

Posts
74
Followers
60
Following
31
8 0
2 years ago
အဲ့ဒီမျက်ခုံးထူထူအောက်က မျက်ဝန်းတစ်စုံကိုရင်ခုန်တယ် နှုတ်ခမ်းပါးပါးလေးတွေ ပြုံးလိုက်တိုင်း ငေးခနဲဖြစ်သွားခဲ့ရပေါ့ ဟိုးအဝေးတစ်နေရာ မတူညီတဲ့ကမ္ဘာက မင်းနဲ့ငါ...ဘယ်လိုမှမနီးစပ်နိုင်ပေမဲ့ စိတ်ကူးနဲ့ရူးပြီး ကြည်နူးခဲ့ရဖူးတာပေါ့ အခိုက်အတန့်တွေ... မဖြစ်နိုင်မှန်းသိရက်နဲ့ တစ်စုံတစ်ခုကို အရူးအမူးစွဲလမ်းနေတာဟာ စိတ်ကူးယဥ်ကမ္ဘာထဲမှာ ပန်းတွေပျိုးနေရသလိုပါပဲ မျက်ဝန်းထဲမှာ မင်းပုံရိပ်တွေပေါ်လာတိုင်း ယောင်ယောင်ပြီးပြုံးနေမိတတ်တာ ဟာလည်း အကျင့်တစ်ခုလိုဖြစ်နေပါပြီ ... ကောင်းကင်နဲ့မြေကြီးက ဘယ်တော့မှမဆုံစည်းပေမဲ့ နှလုံးသားချင်း နီးချင်ခဲ့ဖူးတယ် အဲ့ဒီအရာကိုရူးတယ်လို့ သတ်မှတ်ချင်ရင်လည်း သတ်မှတ်ပါစေပေါ့ ငါ့မျှော်လင့်ချက် အိပ်မက်တွေထဲ မှာ ပထမဦးဆုံးပွင့်တဲ့ပန်းဟာ နင်ဆိုတာကို ပြောပြချင်လိုက်တာ... နင့်ကို အရမ်းချစ်တယ်ဆိုတာ နင့်ကို တွေ့ချင်မိတယ် ဆိုတာ ငါ့ကဗျာတွေဟာ နင့်အကြောင်းတွေပျိုးထားတဲ့ ပန်းပင်တွေဆိုတာ ငါ့ခံစားချက်တွေဟာ အဲ့ဒီပင်ခြေရင်းက ရွက်ကြွေတွေဆိုတာ နင့်ကို သိစေချင်လိုက်တာကွယ် .... #ကေသရီ
5 0
2 years ago
ဒီရက်ပိုင်း စိတ်ဓာတ်တွေ ကျမလို ဖြစ်နေတဲ့အကြောင်း... ဖမ်းဆုပ်မရတဲ့ တိမ်တွေက ပိုဝေးသွားပြီ ဆိုတဲ့ အကြောင်း... ဟိုးအဝေးက လူတစ်ယောက်ကို ငေးကြည့်ရတာနှစ်သက်ခဲ့ တယ်ဆိုတာ...တစ်စုံတစ်ယောက် ကို ပြောပြချင်တယ်... ဝေမလိုနဲ့ ကြွေနေတဲ့ ပန်းတွေလည်း မွှေးတယ်ဆိုတဲ့အကြောင်း... မျှော်လင့်ချက်တွေ အိပ်မက်တွေကအရမ်း စျေးကြီးတဲ့ အကြောင်း တစ်ကြိမ်လဲကျတိုင်း နှစ်ကြိမ်ထက်ပိုပြီး ကြိုးစားနေရတယ် ဆိုတာ တစ်စုံတစ်ယောက်ကို သိစေချင်တယ်... အရှုံးတွေနဲ့ ရင်ဆိုင်တိုးမိတိုင်း ပါးပါးလေးတော့ နာကျင်မိတယ် ဆိုတဲ့ အကြောင်း...မာကြောချင်ယောင်ဆောင်နေတဲ့ နှလုံးသားက ထိလွယ်ရှလွယ် တဲ့ အကြောင်း...ငိုရင် မျက်ရည်မကျတော့ဘဲ အပြုံးတွေနဲ့ ဟန်ဆောင်ပြီး နေတတ်ခဲ့ပြီ ဆိုတာကို ကိုယ် မပြောပြဘဲနဲ့ မင်းကို သိစေချင်တယ်... ကိုယ့်ကို မလိုအပ်တော့တဲ့ လူတွေကိုလည်း ဖက်တွယ်မထားတော့ တဲ့ အကြောင်း...အဲ့ဒီအထဲမှာ မင်းဟာ ချွင်းချက် ဖြစ်တယ် ဆိုတဲ့ အကြောင်း... ကိုယ်က မဖြစ်နိုင်ဘူး ဆိုတဲ့ အရာတွေကိုမှ မျှော်လင့်မိနေတဲ့ အကြောင်း...ကိုယ် ရင်မောရတဲ့ သောကတွေကို တစ်နေ့ နေ့ တစ်ချိန် ချိန် တော့ မင်းကို ပြောပြချင်တယ် ကွယ်.... #ကေသရီ
5 2
2 years ago
ကျွန်တော့်ရဲ့ အရာရာ ကျွန်တော်က အစ်ကိုနဲ့ပတ်သက်ရင် အရာရာကို သဝန်တိုတတ်တယ် အစ်ကို့ ကောင်မလေးကိုလည်း မနာလိုဘူး အစ်ကို့ သူငယ်ချင်းတွေကိုလည်း မနာလိုဘူး အစ်ကို့ရင်ခွင်ထဲကို ခေါင်းတိုးဝင်တတ်တဲ့ အဲ့ဒီ ကြောင်ပေါက်လေးကိုလည်း မနာလိုဘူး... ကျွန်တော့် ရင်ခွင်ဘက်ခြမ်းကို အစ်ကိုမှမလှမ်းရင် ကျွန်တော်ကစပြီးလှမ်းမယ် အစ်ကို လက်မကမ်းရင်တောင်မှ ကျွန်တော့်ပုခုံးတစ်ဖက် အစ်ကို့ဘက်ကို ပိုပိုသာသာလေး ထိုးပေးချင်ခဲ့တာ တကယ်ပါ ကျွန်တော့်ရဲ့အရာရာဟာ အစ်ကို့တစ်ယောက်တည်းအတွက် ဖြစ်တည်ခဲ့တာပေါ့... အစ်ကိုရဲ့လက်ပတ်နာရီလေးကို အားကျတယ် အစ်ကိုနှစ်သက်တဲ့ တီရှပ်အဖြူလေးကိုအားကျတယ် အစ်ကိုနဲ့ အမြဲလိုလိုအတူရှိနေတဲ့ အစ်ကို့ရဲ့ hand phone လေးကိုအားကျတယ် အစ်ကိုမြတ်နိုးတဲ့ အရာအားလုံးကို ကျွန်တော်က နှစ်သက်သဘောကျရတယ်... အစ်ကိုဆိုးတဲ့ ဆံပင်အရောင်ကအစ အစ်ကိုစီးလေ့ရှိတဲ့ ဖိနပ်အပါအဝင် အစ်ကိုပြုံးလိုက်ရင်ပေါ်တဲ့ ပါးချိုင့်လေးကအဆုံး ကျွန်တော်က အမြဲတမ်းငေးမောခဲ့ရ ကျွန်တော့်ရဲ့ တောက်ပတဲ့ကမ္ဘာဆိုတာ အစ်ကိုနဲ့အတူ ရှိခွင့်ရချိန်တွေပဲ ပေါ့ ပြောရရင် တစ်နေ့နေ့တော့ အစ်ကိုသိရမှ ဖြစ်မယ်... #ကေသရီ
7 0
2 years ago
အဖေ့အိမ် ချစ်တယ်လို့ ဘယ်တော့မှ သူ့နှုတ်က ဖွင့်ဟမပြတတ်ဘူး တစ်ခါတစ်ရံမှာ နှုတ်အမူအယာကြမ်းပေမဲ့ ဘယ်တော့မှ မေတ္တာမခမ်းခဲ့ဘူး ။ ရင်ထဲကလာတဲ့ အချစ် အနှိုင်းမဲ့တဲ့ မေတ္တာစစ်ကို အပြုအမှုတွေကတဆင့် ဖော်ပြခဲ့တယ် အကြင်နာစမ်းရေ တသွင်သွင်စီးလျက်ပေါ့ ။ ဝမ်းနဲ့မလွယ်ခဲ့ရပေမဲ့ ခိုလှုံရာအသိုက်အမြုံကို သူဆောက်ပြီး မေတ္တာနဲ့ ဆေးခြယ်တဲ့အိမ်ကလေးအတွက် ဦးဆောင်ကာ ဖေးမပေးခဲ့တယ် ။ အဝေးကနေပဲ ကန်တော့လိုက်ပါရဲ့ ကျွေးမွေးခဲ့တဲ့ ကျေးဇူးတရားများစွာနဲ့ မေတ္တာ၊ ကရုဏာ၊ အကြင်နာတွေကို သတိတရ လွမ်းမိပါရဲ့ အဖေ ။ စိတ်ကူးယဥ်အိပ်မက်တွေလည်း လက်တွေ့မဖြစ်သေးပေမဲ့ ကြိုးစားပြီး ဆောင်ရွက်နေခဲ့ အဖေ့စကားသံနဲ့ ခွန်အားဖြစ်ရပါတယ် ။ ကိုယ် အရောက်ပြန်ချင်ခဲ့တဲ့ အဖေ့ရဲ့ အိမ်အိုလေးက ဒီမိုးဦးမှာ အေးမြနေရောပေါ့ မေတ္တာခြုံလို့ နွေးရပါစေ...။ #ကေသရီ
5 0
2 years ago
Eassy bubble က give awayလေး😍 ✌✌
7 0
2 years ago
အဲ့ဒီကောင်လေးက 95 ခုနှစ်မှာမွေးဖွားတယ် မီးခိုးရောင်ဆံပင်နဲ့ ရွှေအိုရောင်ဆံပင်ပိုင်ရှင်လေး ရယ်လိုက်ရင် ဖြူဖွေးနေတဲ့သွားတွေကအစ လက်ချောင်းသွယ်သွယ်လေးတွေက အလယ် ဆံပင်ရှည်မှာ စည်းနှောင်ထားတဲ့သားရေပင်က အဆုံး ကိုယ်က အားလုံးကို မြတ်နိုးခဲ့ရတာပေါ့.... မြင်မြင်ချင်း အချစ်မဟုတ်ခဲ့ပေမဲ့ မင်းအကြောင်းတွေက အိပ်မက်ထဲထိ လိုက်လည်တယ် မင်းအပြုံးတွေကို ခိုးခိုးပြီး ငေးခဲ့ရတယ် ကိုယ့်ကဗျာထဲမှာ မင်းအငွေ့အသက်တွေရှိတယ် ကိုယ့်ညနက်နက်တွေမှာ ခံစားချက်အစစ်အမှန်တွေရှိတယ် ကိုယ့်အတွက်မဟုတ်ခဲ့တဲ့ အဲ့ဒီကောင်လေးက ကိုယ်နဲ့အဝေးမှာ တခြားသူတစ်ယောက်နဲ့ပေါ့.... အဲ့ဒီကောင်လေး ပြုံးပျော်နေရင်ပဲ ကိုယ် အကြိမ်တစ်ရာမက ဝမ်းနည်းရလဲကျေနပ်တယ် ကိုယ့်ဘေးနားမှာ မင်းမရှိခဲ့ဘူးဆိုပေမဲ့လည်း မင်းရဲ့အနားမှာ မင်းချစ်တဲ့သူ ရှိနေတာပဲကွယ် ကိုယ်က အဝေးကနေပဲငေးကြည့်ရင်းဆွေးမယ် ကိုယ့်မျက်ရည်တွေကနေ ကဗျာအဖြစ်ဖန်ဆင်းမယ် မင်းကတော့ ဟိုးအဝေးမှာ ပျော်ပါစေကောင်လေးရယ်.... #ကေသရီ
3 0
2 years ago
အရှုံးတွေကြားထဲ နေသားကျနေပြီလို့တော့ မပြောချင်ဘူး ခံနိုင်ရည်ရှိအောင်ကြိုးစားထားတယ် လမ်းလျှောက်လိုက် ပြေးလိုက်နဲ့ လိုချင်တဲ့ပန်းတိုင် မရောက်သရွေ့တော့ ဆက်လျှောက်နေရဦးမှာပဲ... ဒီထက်ပိုပြီး ကြိုးစားရမယ်လို့ ကိုယ့်ကိုယ်ကိုယ်တွန်းရင်း ငါ လုပ်နိုင်ရမယ်ဆိုတဲ့ စိတ်တွေနဲ့ရှေ့ဆက်နေတယ် လောကဓံရေ ငါ့အတွက် တစ်ခါတစ်ရံလောက်တော့ ကံကောင်းခြင်းတွေဆီ ခေါ်ဆောင်ပေးလှည့်ပါ.... #ကေသရီ
4 0
2 years ago
အလွမ်း ပွင့်ကြွေ လျှောက်ခဲ့ဖူးတဲ့လမ်းမှာ ခုလောက်ဆို ပန်းတွေ ဝေနေမလား တွဲခဲ့ဖူးတဲ့ လက်တွေ မြဲမယ်ထင်ခဲ့တာ ပေါ့ကွယ်... တစ်ဖက်သတ်မက်တဲ့ အိပ်မက်တွေမို့ ထင်ပါရဲ့ တစ်ကြိမ်တစ်ခါ မှ မပျော်ရွှင်ခဲ့ရဘူး ကိုယ့်မှာ လန့်ပြီးနိုးရတယ်... အိပ်မက်ထဲမှာတောင် မင်းနဲ့ကိုယ် မနီးစပ်ခဲ့ကြဘူး ကိုယ့်မှာ အရူးအမူးဖြစ်ခဲ့ရ ဘဝက အဲ့ဒီလို ခါးတယ်... ကိုယ့်အလွမ်းတွေ သိစေချင်တာပေါ့ အချစ်ရယ် အဲ့ဒီ လမ်းကလေးမှာ ခုလောက်ဆို ပန်းတွေ ကြွေနေရော့မယ်... #ကေသရီ
3 0
2 years ago
6 0
2 years ago